ဗုဒ္ဓဘာသာဝင်တွေက ရုပ်တုကိုးကွယ်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို အကောင်းဆုံးရှင်းလင်းချေပခြင်း (ဗုဒၶဘာသာ၀င္ေတြက ရုပ္တုကိုးကြယ္ေနတယ္ဆိုတဲ့ စြပ္စြဲခ်က္ကို အေကာင္းဆံုးရွင္းလင္းေခ်ပျခင္း )

Zawgyi code below

ဒေါက်တာမင်းတင်မွန် ရေးသားသော 'မြတ်ဗုဒ္ဓ' ဆိုသည့်စာအုပ်မှ ကောက်နုတ်တင်ပြပါသည်။

“ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်သွားတာ နှစ်ပေါင်း ၁၅၀၀ ကျော်ပြီ။ မရှိတော့တဲ့မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်လို့ရသေးလား။ ကိုးကွယ်နေလို့ အကျိူးရှိပါ့မလား။”

“ဗုဒ္ဓဘာသာက ဆင်းတုတွေရုပ်ပုံပန်းချီကားချပ်တွေကို ကိုးကွယ်တဲ့ဘာသာလား။ ဆင်းတုတွေရုပ်ပုံတွေကို ကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။”

ဒါတွေဟာအနောက်နိုင်ငံသားတွေ၊ ဘာသာခြားတွေမေးတက်တဲ့မေးခွန်းတွေပဲ။

ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်သွားပြီဖြစ်ပေမယ့် သူဟောကြားထားတဲ့ တရားအဆုံးအမတွေဟာ ပကတိအတိုင်း ရှိနေကြတုန်းပဲ။ သူဘုရားဖြစ်အောင် ကြိုးစားခဲ့တာ အခုလိုတရားအဆုံးအမကို ဟောပြဖို့ပဲ။ နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်တရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။

ဒါတွေက အခုအကုန်ရှိနေသေးတာမို့ ဒီတရားတော်တွေအတိုင်း လိုက်နာကျင့်ကြံအားထုတ်ရင် မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်ထပ်မျှ အကျိုးထူးများကို ခံစားရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလဲ မျက်မှောက်ပြုနိုင်ပါတယ်။

ဗုဒ္ဓဘုရား ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက် စေတီလေးမျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။

(၁)ဓါတုစေတီ - ဗုဒ္ဓရဲ့ရုပ်ကလာပ်တော်ကို မီးသင်္ဂြိုဟ်တဲ့အခါ ကျန်ရစ်တဲ့ ဓါတ်တော်များကိုဘုရားရှင်ကိုယ်စား ကိုးကွယ်နိုင်တယ်။

(၂)ဓမ္မစေတီ - ဗုဒ္ဓမြတ်စွာ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့ ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကိုဘုရားရှင် ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။

(၃)ဥဒ္ဒိသစေတီ - သက်တော်ထင်ရှား မြတ်စွာဘုရားကို ရည်မှန်းပြီးရေးသားတဲ့ ပုံတော်ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကိုထုလုပ်ထားတဲ့ ဆင်းတုတွေ၊ အုတ် သဲအင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊ ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။

(၄)ပရိဘောဂစေတီ - မဟာဗောဓိပင်အပါအဝင် ဘုရားရှင်အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊သင်္ကန်း၊တောင်ဝှေး စသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်ပါတယ်။

အဲဒီတော့ ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊ ဆင်းတုတော်တွေရှိခိုးပူဇော်တာဟာ ဥဒ္ဒိသစေတီအဖြစ် ရည်မှန်းပြီး ရှိခိုးပူဇော်ခြင်းဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်တုဆင်းတုများအနေနဲ့ ရှိုခိုးပူဇော်နေတာမဟုတ်ပါဘူး။

ဥပမာ-ကွယ်လွန်သွားပြီးတဲ့မိဘများရဲ့ ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့သူဟာ စက္ကူ ဓါတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး၊ သူ့မိဘကို ရည်မှန်းပြီး ကန်တော့ခြင်းဖြစ်တယ်။ မိဘဓါတ်ပုံဟာ သက်ရှိထင်ရှား ရှိစဉ်အခါက မိဘတို့ရဲ့ ရုပ်ပုံကို ထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။ မိဘရဲ့ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူးပြုတယ်။

စက္ကူဓါတ်ပုံကိုကျော်လွန်ပြီး မိဘတို့ရဲ့တကယ့်ရုပ်သွင့်နဲ့ မိဘတို့ရဲ့ဂုဏ်ကျေးဇူးများ ပေါ်လွင်လာအောင် ကြည့်ရှုရသလို ဘုရားပန်းချီ ရုပ်တုဆင်းတုများကို ကျော်လွန်ပြီး မြတ်စွာဘုရားရဲ့ တကယ့်ရုပ်သွင်နဲ့ ဂုဏ်တော်များ ကျေးဇူးတော်များပေါ်လွင်အောင် ကြည့်ရှုရမှာဖြစ်ပါတယ်။

ထို့ကြောင့် ပုံတော်ဆင်းတုတော်တို့ဟာ အထောက်အပံ့ပစ္စည်းမျှသာဖြစ်တယ်။ ပုံတော်ဆင်းတုတော်တွေ မရှိဘဲနဲ့လဲ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို ရည်မှန်းပြီး ရှိခိုးပူဇော်နိုင်ပါတယ်။မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်အခါကလည်း ဘုရားဂုဏ်တော်များကိုသာ ရည်မှန်းပြီး ရှိခိုးပူဇော်ရပါတယ်။

မြတ်စွာဘုရားရဲ့ ဂုဏ်တော်များဆီသို့ စိတ်ရောက်တာခြင်းတူရင် အကျိုးကျေးဇူးကလဲတူမှာပဲ။ဂုဏ်တော်များ စုပေါင်းထားတဲ့ဘုရားရှင်ကို ဉာဏ်နဲ့မြင်အောင်အာရုံပြူရမယ်။

ဒါ့ကြောင့်ဗုဒ္ဓဘာသာဆိုတာ ရုပ်တုရုပ်ပုံတွေကို ဆည်းကပ်ကိုးကွယ်တဲ့ ဘာသာမဟုတ်ပါဘူး။ဒါကိုမသိနားမလည်သူတွေရဲ့ လွဲလွဲမှားမှား စွပ်စွဲမှုမျှသာဖြစ်တယ်။

ဗုဒ္ဓဘာသာဝင်တွေဆည်းကပ်ကိုးကွယ်နေတာက -

(၁)အရဟံအစ၊ ဘဂဝါ အဆုံး အတုမရှိတဲ့ ဂုဏ်တော်များရဲ့ပိုင်ရှင်ဖြစ်တဲ့‘ဗုဒ္ဓဘုရား’

(၂)ထိုမြတ်စွာဘုရား ဟောကြားပြခဲ့တဲ့ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်ပရိယတ်လို့ဆိုတဲ့ အတုမရှိမြင့်မြတ်တဲ့ ‘ဓမ္မတရား’

(၃)သစ္စာလေးပါးမြတ်တရားကိုသိမြင်ကြပြီးတဲ့‘အရိယ သံဃာများ’ နဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမသြဝါဒအတိုင်း ကျင့်ကြံနေကြတဲ့ ‘သမုတိသံဃာ’ ….. စတဲ့ဒီ ဘုရား၊တရား၊ သံဃာလို့ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးပဲ။

ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံးရတနာသုံးပါးဆိုတာ အခြားဘယ်မှာ ရှာဖွေလို့ရနိုင်ပါတော့မလဲ။

Zawgyi Code

ေဒါက္တာမင္းတင္မြန္ ေရးသားေသာ 'ျမတ္ဗုဒၶ' ဆိုသည့္စာအုပ္မွ ေကာက္ႏုတ္တင္ျပပါသည္။

“ေဂါတမ ျမတ္စြာဘုရား ပရိနိဗၺာန္စံလြန္သြားတာ ႏွစ္ေပါင္း ၁၅၀၀ ေက်ာ္ျပီ။ မရွိေတာ့တဲ့ျမတ္စြာဘုရားကို ကိုုးကြယ္ဆည္းကပ္လို႔ရေသးလား။ ကိုးကြယ္ေနလို႔ အက်ိဴးရွိပါ့မလား။”

“ဗုဒၶဘာသာက ဆင္းတုေတြရုပ္ပုံပန္းခ်ီကားခ်ပ္ေတြကို ကိုးကြယ္တဲ့ဘာသာလား။ ဆင္းတုေတြရုပ္ပံုေတြကို ကိုးကြယ္ေနလို႔ ဘာအက်ိဳးရွိမွာလဲ။”

ဒါေတြဟာအေနာက္ႏိုင္ငံသားေတြ၊ ဘာသာျခားေတြေမးတက္တဲ့ေမးခြန္းေတြပဲ။

ေဂါတမျမတ္စြာဘုရား ပရိနိဗၺာန္စံလြန္သြားျပီျဖစ္ေပမယ့္ သူေဟာၾကားထားတဲ့ တရားအဆံုးအမေတြဟာ ပကတိအတိုင္း ရွိေနၾကတုန္းပဲ။ သူဘုရားျဖစ္ေအာင္ ၾကိဳးစားခဲ့တာ အခုလိုတရားအဆံုးအမကို ေဟာျပဖို႔ပဲ။ နိဗၺာန္ေရာက္ေၾကာင္း က်င့္စဥ္တရားကို ညႊန္ျပေပးခဲ့ဖို႔ပဲ။

ဒါေတြက အခုအကုန္ရွိေနေသးတာမို႔ ဒီတရားေတာ္ေတြအတိုင္း လိုက္နာက်င့္ၾကံအားထုတ္ရင္ ျမတ္ဗုဒၶရွိစဥ္တုန္းကလုိပဲ ထပ္တူထပ္ထပ္မွ် အက်ိဳးထူးမ်ားကို ခံစားရပါတယ္။ နိဗၺာန္ခ်မ္းသာကိုလဲ မ်က္ေမွာက္ျပဳႏိုင္ပါတယ္။

ဗုဒၶဘုရား ပရိနိဗၺာန္မစံမီမွာ ဗုဒၶကိုယ္စား ကိုးကြယ္ဆည္းကပ္ဖို႔အတြက္ ေစတီေလးမ်ိဳးကို သတ္မွတ္ေပးေတာ္မူခဲ့တယ္။

(၁)ဓါတုေစတီ - ဗုဒၶရဲ႕ရုပ္ကလာပ္ေတာ္ကို မီးသျဂႋဳဟ္တဲ့အခါ က်န္ရစ္တဲ့ ဓါတ္ေတာ္မ်ားကိုဘုရားရွင္ကိုယ္စား ကိုးကြယ္ႏိုင္တယ္။

(၂)ဓမၼေစတီ - ဗုဒၶျမတ္စြာ၄၅ ႏွစ္တိုင္တိုင္ ေဟာၾကားေတာ္မူခဲ့တဲ့ ပိဋကတ္သံုးပံု၊ မဂ္ေလးတန္၊ ဖိုလ္ေလးတန္နဲ႔ နိဗၺာန္တရားတို႔ကိုဘုရားရွင္ ကိုယ္စား ကိုးကြယ္ဆည္းကပ္ႏိုင္တယ္။

(၃)ဥဒၵိသေစတီ - သက္ေတာ္ထင္ရွား ျမတ္စြာဘုရားကို ရည္မွန္းျပီးေရးသားတဲ့ ပံုေတာ္ပန္းခ်ီကားခ်ပ္ေတြ၊ သစ္သားဆင္စြယ္ စသည္တို႔ကိုထုလုပ္ထားတဲ့ ဆင္းတုေတြ၊ အုတ္ သဲအဂၤေတ စသည္တုိ႔ျဖင့္ တည္ေဆာက္ထားတဲ့ ေစတီပုထိုးေတြ၊ ဒီအရာေတြအားလံုးကုိ ဘုရားရွင္ကိုယ္စား ရွိခိုးပူေဇာ္ႏိုင္တယ္။

(၄)ပရိေဘာဂေစတီ - မဟာေဗာဓိပင္အပါအ၀င္ ဘုရားရွင္အသံုးျပဳေတာ္မူခဲ့တဲ့ သပိတ္၊သကၤန္း၊ေတာင္ေ၀ွး စသည္တုိ႔ကိုလည္း ဘုရားရွင္ကိုယ္စား ကိုးကြယ္ဆည္းကပ္ႏိုင္ပါတယ္။

အဲဒီေတာ့ ဗုဒၶဘာသာ၀င္မ်ားက ျမတ္ဗုဒၶရဲ႕ ပံုေတာ္ပန္းခ်ီကားေတြ၊ ဆင္းတုေတာ္ေတြရွိခိုးပူေဇာ္တာဟာ ဥဒၵိသေစတီအျဖစ္ ရည္မွန္းျပီး ရွိခိုးပူေဇာ္ျခင္းျဖစ္တယ္။ ပန္းခ်ီကားအေနနဲ႔ ရုပ္တုဆင္းတုမ်ားအေနနဲ႔ ရွိုခိုးပူေဇာ္ေနတာမဟုတ္ပါဘူး။

ဥပမာ-ကြယ္လြန္သြားျပီးတဲ့မိဘမ်ားရဲ႕ ဓါတ္ပံုကို ရွိခုိးကန္ေတာ့ေနတဲ့သူဟာ စကၠဴ ဓါတ္ပံုကို ရွိခိုးကန္ေတာ့ေနတာမဟုတ္ဘူး၊ သူ႔မိဘကို ရည္မွန္းျပီး ကန္ေတာ့ျခင္းျဖစ္တယ္။ မိဘဓါတ္ပံုဟာ သက္ရွိထင္ရွား ရွိစဥ္အခါက မိဘတုိ႔ရဲ႕ ရုပ္ပံုကို ထင္ျမင္လာေအာင္ အေထာက္အပံ့ျပဳတယ္။ မိဘရဲ႕ဂုဏ္ေက်းဇူးေတြ ထင္ေပၚလာေအာင္ ေက်းဇူးျပဳတယ္။

စကၠဴဓါတ္ပံုကိုေက်ာ္လြန္ျပီး မိဘတို႔ရဲ႕တကယ့္ရုပ္သြင့္နဲ႔ မိဘတို႔ရဲ႕ဂုဏ္ေက်းဇူးမ်ား ေပၚလြင္လာေအာင္ ၾကည့္ရႈရသလို ဘုရားပန္းခ်ီ ရုပ္တုဆင္းတုမ်ားကို ေက်ာ္လြန္ျပီး ျမတ္စြာဘုရားရဲ႕ တကယ့္ရုပ္သြင္နဲ႔ ဂုဏ္ေတာ္မ်ား ေက်းဇူးေတာ္မ်ားေပၚလြင္ေအာင္ ၾကည့္ရႈရမွာျဖစ္ပါတယ္။

ထို႔ေၾကာင့္ ပံုေတာ္ဆင္းတုေတာ္တုိ႔ဟာ အေထာက္အပ့ံပစၥည္းမွ်သာျဖစ္တယ္။ ပံုေတာ္ဆင္းတုေတာ္ေတြ မရွိဘဲနဲ႔လဲ ျမတ္စြာဘုရားရဲ႕ ဂုဏ္ေတာ္ေတြကို ရည္မွန္းျပီး ရွိခိုးပူေဇာ္ႏိုင္ပါတယ္။ျမတ္စြာဘုရား သက္ေတာ္ထင္ရွား ရွိစဥ္အခါကလည္း ဘုရားဂုဏ္ေတာ္မ်ားကိုသာ ရည္မွန္းျပီး ရွိခိုးပူေဇာ္ရပါတယ္။

ျမတ္စြာဘုရားရဲ႕ ဂုဏ္ေတာ္မ်ားဆီသို႔ စိတ္ေရာက္တာျခင္းတူရင္ အက်ိဳးေက်းဇူးကလဲတူမွာပဲ။ဂုဏ္ေတာ္မ်ား စုေပါင္းထားတဲ့ဘုရားရွင္ကို ဥာဏ္နဲ႔ျမင္ေအာင္အာရံုျပဴရမယ္။

ဒါ့ေၾကာင့္ဗုဒၶဘာသာဆိုတာ ရုပ္တုရုပ္ပံုေတြကို ဆည္းကပ္ကိုးကြယ္တဲ့ ဘာသာမဟုတ္ပါဘူး။ဒါကိုမသိနားမလည္သူေတြရဲ႕ လြဲလြဲမွားမွား စြပ္စြဲမႈမွ်သာျဖစ္တယ္။

ဗုဒၶဘာသာ၀င္ေတြဆည္းကပ္ကိုးကြယ္ေနတာက -

(၁)အရဟံအစ၊ ဘဂ၀ါ အဆံုး အတုမရွိတဲ့ ဂုဏ္ေတာ္မ်ားရဲ႕ပိုင္ရွင္ျဖစ္တဲ့‘ဗုဒၶဘုရား’

(၂)ထိုျမတ္စြာဘုရား ေဟာၾကားျပခဲ့တဲ့ မဂ္ေလးတန္၊ ဖိုလ္ေလးတန္၊ နိဗၺာန္ပရိယတ္လို႔ဆိုတဲ့ အတုမရွိျမင့္ျမတ္တဲ့ ‘ဓမၼတရား’

(၃)သစၥာေလးပါးျမတ္တရားကိုသိျမင္ၾကျပီးတဲ့‘အရိယ သံဃာမ်ား’ နဲ႔ ျမတ္စြာဘုရားရဲ႕ အဆံုးအမၾသ၀ါဒအတိုင္း က်င့္ၾကံေနၾကတဲ့ ‘သမုတိသံဃာ’ ….. စတဲ့ဒီ ဘုရား၊တရား၊ သံဃာလုိ႔ဆိုအပ္တဲ့ ရတနာျမတ္သံုးပါးပဲ။

ဒီလို ကိုးကြယ္ဆည္းကပ္ထိုက္တဲ့ အျမတ္ဆံံုးရတနာသံုးပါးဆိုတာ အျခားဘယ္မွာ ရွာေဖြလို႔ရႏိုင္ပါေတာ့မလဲ။

Comments

Popular posts from this blog

မဂ္ဂင်ရှစ်ပါး အဓိပ္ပါယ်ရှင်းလင်းချက် (မဂၢင္ရွစ္ပါး အဓိပၸါယ္ရွင္းလင္းခ်က္ )

မေတ္တာသုတ် မြန်မာပြန် ( ေမတၲာသုတ္ ျမန္မာျပန္)

ဗုဒ္ဓဘာသာနိုင်ငံများ (ဗုဒၶဘာသာႏိုင္ငံမ်ား)