မဂ္ဂင်ရှစ်ပါး အဓိပ္ပါယ်ရှင်းလင်းချက် (မဂၢင္ရွစ္ပါး အဓိပၸါယ္ရွင္းလင္းခ်က္ )

Zawgyi code below


blog တစ်ခုကနေ ကူးလာတာပါ
မူရင်းရေးသားမျှဝေသူကို credit ပေးပါတယ်။

မဂ္ဂင်ရှစ်ပါးဆိုတာ ဘာလဲ?

ဒကာ ။ ။ ဆရာတော်အချိန်ပေးနိုင်ရင် မေးလက်စနဲ့ခုတင်က မဂ္ဂင်ရှစ်ပါးနဲ့ မြှောက်ပွားဆိုတဲ့မဂ္ဂင်ကို ဆက်ပါရစေဦးဆရာတော်။ မဂ္ဂင်ရှစ်ပါးဆိုတဲ့ သင်္ဘောလှေဖောင်ကြီးစီးနင်းကူးခပ်ပြီးနိဗ္ဗာန် တစ်ဖက်ကမ်းကို တက်လှမ်းကြရမည်၊ မဂ္ဂင်တရားရထားကြီးကို တက်စီးထိုင်သွားကြရမည် စသည်ဖြင့် ဟောကြားနေကြတာ၊ အဲသည် မဂ္ဂင်ရှစ်ပါးနဲ့ယင်းရဲ့ အနက်အဓိပ္ပါယ်များကိုလည်း နည်းနည်းလောက် မိန့်ကြားပါဦးဆရာတော်။



ဆရာတော် ။ ။ အင်း…. ပြောပြမယ် နားထောင်မှတ်သားပါ၊ မဂ္ဂင်ဆို တဲ့စကားရဲ့ မူရင်းပုဒ်က ပါဠိလို မဂ္ဂင်္ဂ တဲ့၊ မဂ္ဂနဲ့ +အင်္ဂ၊နှစ်ပုဒ် ပေါင်းစပ်ပြီးမဂ္ဂင်္ဂလို့၊ သို့မဟုတ် မဂ္ဂင်လို့ ခေါ်တာဒကာကြီးတို့ရဲ့။ မဂ္ဂ၊ သို့မဟုတ် လူတိုင်းနှုတ်တက်နေကြတဲ့ မဂ် ဆိုတာက ဆင်း ရဲလွတ်ကင်းရာ လမ်းကို ရှာဖွေသော၊ တစ်နည်း..သာယာ ခင် မင်လိုချင် တပ်မက်ဆာလောင်စွဲလမ်း ငမ်းငမ်းတက် ပူပန်မှုကိ လေသာကို သတ်ဖြတ် ဖျက်ဆီးတတ်သော လက်နက်ရှစ်ပါး တရားလမ်း ကြောင်း၊(ဝါ- ဒုက္ခငြိမ်းအေးနိဗ္ဗာန်ရောက်ရေး အ ကျင့်တရား) တို့လို့ မှတ်ရမည်တဲ့၊ အဲဒါ မဂ္ဂပုဒ်ရဲ့အနက် အဓိပ္ပါယ်ပဲ။ အင်္ဂ- ဆိုတာက (ငြိမ်းအေးရေးလိုလားတဲ့ ကမ္ဘာသားတို့ လိုက် နာခံယူ ကျင့်ပွားအားထုတ်ရာ) အဲဒီမဂ်ရဲ့ အစိတ်အပိုင်းရှစ်ပါး ကိုဆိုတာဖြစ်တယ်၊ မဂ္ဂင်ရှစ်ပါးကိုတော့ ဒကာကြီးတို့ရေတွက် ခေါ်ဆိုတတ်တယ်မဟုတ်လား။
ဒကာ ။ ။ နာမည်ခေါ်တတ်ရုံလောက်ပါပဲ ဆရာတော်၊ သူတို့ရဲ့ သဘောအဓိပ္ပါယ်နဲ့ ကျင့်ပွားအားထုတ်ဖို့ လုပ်ငန်းစဉ်ကိုတော့ နားမလည်သေးပါဘူး၊ တစ်ပါးစီ ခွဲခြားပြီးနားလည်အောင် သင်ကြားပေးပါဦး ဆရာတော်။
ဆရာ ။ ။ လိုလိုလားလားနဲ့လျှောက်ထားပြန်တော့လည်းဟောပြ သင်ကြားပေးရမှာပေါ့လေ၊ တော်ရိ လျောရိလို့တော့ ပေါ့ပေါ့မမှတ်ထင်နဲ့ ၊ဒီ… မဂ္ဂင်ရှစ်ပါးဟာ သာသနာတော်မှာ အရေးပါအရာရောက်ဆုံးပါပဲ၊ သာသနာတော်၏ဦးတည်ချက်ပန်းတိုင်နိဗ္ဗာန်ကို ဒီမဂ္ဂင်ရှစ် ပါးလမ်းနဲ့ ကြိုးစားပွားများချီတက်မှ ရောက်နိုင်တယ်နော်၊ ကဲ… နား ထောင် မှတ်သားပေတော့။

၁။ သမ္မာဒိဋ္ဌိမဂ္ဂင်
မှန်ကန်သော ဉာဏ်အသိဖြင့် ရှုကြည့် သိမြင်စွဲ ယူတတ်မှုပဲ၊
 သူ့ရဲ့ ဆိုလိုရင်းသဘောကတော့….
(က) မြင်၊ ကြား၊နံ၊ စား၊ထိ၊ သိ၊ တရားခန္ဓာငါးပါးတို့၏ ဆင်းရဲခြင်း အစစ်အမှန် ဒုက္ခသစ္စာရယ်။
(ခ) ဆင်းရဲကိုဖြစ်စေတတ် ရစေတတ်ကြောင်း သမုဒယသစ္စာရယ်။
(ဂ) ယင်းဆင်းရဲဒုက္ခအစု ချုပ်ငြိမ်းအေးမြမှုကို ရနိုင်ရေးအကျင့် တရား များကိုရှုမြင်ပွားများမှုလုပ်ငန်းမဂ္ဂသစ္စာရယ်။
(ဃ) ဒုက္ခသစ္စာရဲ့ ချုပ်ငြိမ်းမှု ချုပ်ငြိမ်းအေးမြရာဌာန နိဗ္ဗာန်ခေါ်ဆိုတဲ့ နိရောဓသစ္စာ ရယ်
အဲဒီ အမှန်တရားသစ္စာလေးပါးကို အမှန်အ တိုင်းစွဲယူထားကာ သိရှိပယ်ရှားပွားများရှုမှတ်သွားမှုကိုသမ္မာ ဒိဋ္ဌိမဂ္ဂင်လို့ဆိုတယ်။

၂။ သမ္မာသင်္ကပ္ပမဂ္ဂင်
မှန်ကန်တော်တည့်စွာနဲ့ ကြံစည်စဉ်းစား ဆင်ခြင်တတ်မှုတဲ့၊
 သူ့ရဲ့ဆိုလိုရင်းက
(က) ရှာမှီးခံစားလို့မပြီးဆုံးအားမရ မဝလင်နိုင်တဲ့ အာရုံငါးပါး ကာမ ဂုဏ်တရားထဲမှဖဲထွက် လွတ်မြောက်နိဗ္ဗာန်ရောက်နိုင်ရေး အကြံ။
(ခ) သူတစ်ပါးအား မလိုမုန်းထား ပြစ်မှားကင်းလွတ်ရေးအကြံ။
(ဂ) သူတစ်ပါးအား နှိပ်စက် ညှင်းဆဲနှောင့်ယှက် ဖျက်ဆီးအနိုင်စီး သတ်ဖြတ်ခြင်းတို့မှ ကင်းလွတ်ရေးစသည့် အကြံအစည်ကောင်း တို့ ဖြစ်ပေါ်လာအောင် ကြံစည်ခြင်းကိုဆိုလို တယ်။

မှတ်ချက်။။ယင်းကိုလည်း လောကီဈာန်လမ်းကြံစည်ခြင်း သမ္မာ သင်္ကပ္ပ မဂ္ဂင်နှင့် လောကုတ္တရာမဂ်လမ်းကြံစည်ခြင်း သမ္မာသင်္ကပ္ပ မဂ္ဂင်ဟု နှစ်မျိုးမှတ်ရသေးတယ်၊ အဲဒီ နံပါတ် ၁ နဲ့ ၂ဟာ ပညာ မဂ္ဂင် ၂ပါးပဲ။

၃။ သမ္မာဝါစာမဂ္ဂင်
မှန်ကန်စွာ ပြောဆိုခြင်း၊
 သူ့သဘောရင်းက အောက်ပါ ဝစီဒုစရိုက်လေးပါး မပြောကြားခြင်းပဲဖြစ်တယ်။
(က) မုသာဝါဒ= လိမ်ညာ၍ပြောဆိုမှုမှလည်းကောင်း။
(ခ) ပိသုဏာဝါစာ = သူတစ်ပါးအားအထင်သေး၊ မလေးစား ဂုဏ်ငယ်သွားအောင်ချောပစ် ကုန်းချော အတင်းပြောခြင်းမှလည်းကောင်း။
(ဂ) ဖရုသ ဝါစာ = အကြမ်းအတမ်းငေါက်ငမ်းဆဲရေးခြင်းမှ လည်းကောင်း။
(ဃ) သမ္ဖပ္ပလာပဝါစာ = အကျိုးမရှိတဲ့ သီတာ၊ ရာမစတဲ့ ဇာတ် စကား အရပ်စကားဈေးစကားအပြိန်အဖျင်းအနှစ်သာရ ကင်းသော စကားစသည်တို့မှလည်းကောင်း၊ ကြဉ်ရှောင် လွတ်ကင်းမပြောဆိုခြင်းအလုပ်သဘော သီလစင်ကြယ် လမ်းပင် ဖြစ်၏တဲ့။

၄။ သမ္မာကမ္မန္တ မဂ္ဂင်
ကာယကံဒုစရိုက် အမှားများကို ရှောင် ရှားကာ မှန်ကန်စွာ လုပ်ကိုင် ပြုကျင့်မှု။
 ဆိုလိုရင်းသဘောက ကာယဒုစရိုက်သုံးပါးခေါ်တဲ့
(၁)ပါဏာတိ ပါတ -သူ့အသက် သတ်ခြင်း
(၂) အဒိန္နာဒါန-သူတစ်ပါးဥစ္စာ ပစ္စည်းကို ခိုးယူလုယက်မတရားသိမ်းပိုက်ခြင်း။
(၃) ကာမေသု မိစ္ဆာစာရာ - အုပ်ထိန်းခြင်းရှိသော သူ့သမီးဇနီးမယားကို မေထုန် မှုဖြင့် လွန်ကျူးပြုကျင့်ခြင်းတို့မှ ကြဉ်ရှောင်မှုမျိုးဟာ သီလမဂ္ဂင်အကျင့်မြတ်ပင် ဖြစ်တယ်။

၅။ သမ္မာအာဇီ၀ မဂ္ဂင်
မှန်ကန်စွာ အသက်မွေး ဝမ်းကျောင်းမှု။
အဓိပ္ပါယ်က ပြဆိုခဲ့ပြီးသော နံပါတ်၃၊ နံပါတ် ၄ မဂ္ဂင်နှစ်ပါးရဲ့ အပြစ်ရှိတဲ့ကာယဒုစရိုက် သုံးပါးနဲ့ ဝစီဒုစရိုက်လေးပါး၊အခြား အပြစ်ရှိသော အကုသိုလ် အလုပ်များကိုရှောင်ရှားကာ အပြစ်မဲ့ ဖြူစင်သော အသက်မွေးမြူမှုရှိရခြင်း၊ သီလမဂ္ဂင်မျိုးပင် ဖြစ်ပါတယ် တဲ့၊ အဲဒီနံပါတ် ၃-၄-၅ တို့ဟာ သီလမဂ္ဂင် ၃ ပါး။

၆။ သမ္မာဝါယာမ မဂ္ဂင်
မှန်ကန်သော အားစိုက်ကြိုးစားမှု ဝီရိယ၊ ဇွဲ၊ လုံ့လရှိရခြင်းမျိုး လေးပါးကိုဆိုတယ်၊
ယင်းအဓိပ္ပါယ်က
(က) မိမိ၌ မဖြစ်ပေါ်သေးသော မကောင်းမှု အကုသိုလ်တရားများ ကို မဖြစ်ပွားရေး လုံ့လစိုက်ရခြင်း။
(ခ) ပြုလုပ်လွန်ကျူးဖြစ်ပေါ်ပြီးသော မကောင်းမှုတရား အကုသိုလ် များကိုပြန်၍မဖြစ်ပေါ်ရအောင်ပယ်စွန့်ပပျောက်ရေးအတွက် ကြိုး စားအားထုတ်လုံ့လပြုရခြင်း၊ (ယင်းတို့ကို ပြန်၍မကြံစည်မတွေး တောရဟူ၏။)
(ဂ) မဖြစ်ရှိမရရှိဖူးသေးတဲ့ ကောင်းစားချမ်းသာရေး ကုသိုလ်တရားစုကောင်းမှုများကို ဖြစ်ပွားရရှိခံစားနိုင်ရန် အားပေး တိုက်တွန်းကြိုးစားပြုလုပ်မှု လုံ့လရှိရခြင်း။ (ဤ၌မဂ်ကုသိုလ် တရားလေးပါးဖြစ်ပေါ်အောင် ဝိပဿနာကုသိုလ် တရားကိုကြိုးစားအားထုတ်ပါဟု ဆိုလိုသည်။)
(ဃ) ဖြစ်ပေါ်ရရှိပြီးသော ကုသိုလ်ကောင်းမှုများကို စည်ပင်ပြန့်ပွား ပြည့်လျှံဝေဆာ သွားဖို့ ကြိုးစားအားထုတ် ပြန်လည်အောက်မေ့ မှု ယင်းလေးမျိုးတို့ပဲ။
အဲဒီလေးပါးကို ထမြောက်ပြီးစီးအောင်နိုင်ရေးအတွက် ဝီရိယဗိုလ်၊ ဝီရိယိန္ဒြေ၊ ဝီရိယသမ္ဗောဇ္စျင်၊ဝီရိယာဓိပတိ- ဆိုတဲ့ တပ်မဟာကြီး တွေချပြီး ကိလေသာရန်သူမျိုးကို ကြိုးစားအားထုတ် တိုက်ခိုက် လုံ့လစိုက်မှုပြုပါတဲ့၊ အဲသည်လေးပါးဟာ ဒကာကြီးတို့ကြိုးစား တိုက်ခိုက်ရမည့် ကိလေသာစစ်ပွဲကြီး၏အောင်နိုင်ရေးအတွက် လက်နက်ကောင်းကြီးများဖြစ်တဲ့ သမ္မာဝါယာမမဂ္ဂင်တရား၏ သမ္ဗပ္ပဓာန်လက်နက်ကြီးလေးပါးပဲ။

(ဗုဒ္ဓဘာသာတို့၏ဓမ္မတာရိုးစွဲ မှတ်ချက်။ ။ သမ္မာဝါယာမ မဂ္ဂင်အရ လုံ့လမျိုးလေးပါးတွင် (က)နှင့်(ခ) ပထမ၊ဒုတိယ ကြိုးစားအားထုတ်မှု လုံ့လမျိုးမှာ မုချအဟုတ် ကိလေသာ ရန်ငုတ်ကို တိုက်ထုတ်ရှင်းလင်းရမည် သာ ဖြစ်၏တဲ့။ ဗုဒ္ဓဘာသာ တရားတော်အရ အကုသိုလ် ဓမ္မမှ ကြဉ်ရှောင်ရေး မှာ ဓမ္မတာရိုးစွဲပင်ဖြစ်၏ဟု တစ်သက်လုံးမှတ်ရမည်။(ဂ)နှင့် (ဃ) တတိယနှင့် စတုတ္ထ သမ္မာဝါယာမ မဂ္ဂင်နှစ်ပါးကိုလည်း လောကီဈာန်လမ်းကြိုးစားမှုနှင့် လောကုတ္တရာ မဂ်လမ်းကြိုးစားမှုဟု သမထ ၊ဝိပဿနာနှစ်မျိုးလုံး မှတ်ရမည်တဲ့။)

၇။ သမ္မာသတိမဂ္ဂင်
မှန်ကန်စွာ မမေ့မပျောက်စေဘဲ အောက်မေ့သတိရမှု ရှိရခြင်းပဲ။
အဲသည် သမ္မာသတိဟာ တရားပေါင်းတို့ရဲ့ ဘုရင်ဥသျှောင်မ ကိုဋ် ထိပ်သီးပဲ၊ သတ္တဝါအပေါင်းတို့၏သည်းခြေလို့လည်းခေါ် တယ်၊ သူပျက်ရင်တရားကောင်း တရားမြတ်တွေ မလာမကပ်တော့ဘူး၊ တရားဆိုးတရားယုတ်တွေနဲ့သာရှုပ်ထွေးပျက်စီးကုန်ရောပဲ၊ သတ္တဝါတွေဟာလည်းသတိ- ဆိုတဲ့ သည်းခြေပျက်ရင် အရူးတွေဖြစ်ကာ အရူးထကုန်တော့တာပဲတဲ့။

၈။ သမ္မာသမာဓိမဂ္ဂင်
မှန်သော တည်ကြည်မှု စူးစိုက်မှု၊ တို့ပင်ဖြစ်သည်။ 

(အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ)



(၁)သမ္မာဒိဋ္ဌိ-မှန်ကန်စွာ ရှုမြင်တတ်ခြင်း၊မှန်ကန်စွာ ယူဆတတ်ခြင်းပါပဲ၊ကိလေသာ တဏှာ လောဘ ဒေါသ မောဟတွေက ဖုံးနေရင် မှန်ကန်စွာ မမြင်တတ်ကြဘူးတဲ့၊ အဲဒါ မှန်ကန်စွာ မြင်တတ်ကြဖို့လိုပါတယ်။

(၂)သမ္မသင်္ကပ္ပ-မှန်ကန်စွာ ကြံစည်ခြင်းတဲ့၊လောဘရမ္မက်ကိုလိုက်၍ မှန်ကန်စွာ မကြံစည်နိုင်တာတွေ၊ အတ္တကိုစွဲပြီး မှန်ကန်စွာ မကြံစည်နိုင်တာတွေကို ဖယ်ရှားပစ်ကြရမယ်။

(၃)သမ္မာဝါစာ-မှန်ကန်စွာ ပြောကြရမယ်တဲ့၊ ချစ်လို ဒီပါးစပ်၊မုန်းစေလို ဒီပါးစပ်ပါပဲ၊ မှန်ကန်တဲ့သစ္စာ ဆိုတာရှိကြရမယ်၊ မုသာဝါဒကို မသုံးဘဲ လောကမှာ မှန်တာကိုသာ ပြောကြ လုပ်ကြရမယ်လို့ ဆိုလိုတယ်။

(၄)သမ္မာကမ္မန္တ- မှန်ကန်စွာလည်း လုပ်ကိုင်ကြရမယ်တဲ့။ စီးပွားရေးမတော်လောဘစိတ်မရှိရဘူး၊ သူတစ်ပါး ပျက်စီးစေပြီး ကိုယ်တစ်ယောက်တည်း ကောင်းစားမယ့် အလုပ်ဆို ရှောင်ရမယ်တဲ့။

(၅)သမ္မာအာဇီ၀-မှန်ကန်စွာ အသက်မွေးဝမ်းကြရမယ်တဲ့။ အသက်မွေးမှုမှန်ကြရဲ့လား၊ ပရိယေသနမူလက ဒုက္ခတဲ့၊ အသက်မွေးမှုကို ရှာကြံကြရာ၌ ရှေးဦးစွာသော ဒုက္ခအရင်းအစစ်ကတော့ အသက်မွေးဝမ်းကျောင်းရတဲ့ ဒုက္ခပဲ မဟုတ်လား၊ သူများဥစ္စာကို မတော်လောဘနဲ့ လိုချင်တယ်၊ခိုးမယ်၊ တိုက်မယ်ဆိုတာတွေကို ရှောင်ကြည်ရမယ်တဲ့။

(၆)သမ္မာဝါယာမ-မှန်စွာ လုံ့လထုတ်ကြရမယ်တဲ့၊တစ်လွဲဆံပင်ကောင်းနေကြလို့မဖြစ်သေးဘူး၊ ယခု ပစ္စက္ခ အတွက် လုံ့လ၊ နောင်သံသရာအတွက် လုံ့လရယ်လို့အားထုတ်ကြရမယ်တဲ့၊

(၇)သမ္မာသတိ-မှန်ကန်စွာ အောက်မေ့တတ်ကြရမယ်တဲ့၊ သတိရှိကြရမယ်တဲ့။ သတိတမန် ဉာဏ်မြေ ကတုတ်တဲ့မဟုတ်လား၊ မမှားခင်က မိမိမှားတော့မယ်ဆိုရင် သတိဆိုတာ အရင်ပေါ်လာပါစေတဲ့၊ သတိရှိတော့ ဟိရီ၊သြတ္တပဆိုတဲ့ ရှက်ခြင်းကြောက်ခြင်းက တားမြစ်ပေးလိမ့်မယ်။

(၈)သမ္မာသမာဓိ-စိတ်အာရုံထားမှန်ကန်ရမယ်တဲ့၊ စိတ်တည်ကြည်ရမယ်၊ လူ့စိတ်ကို မျောက်စိတ်လို မမွေးကြရ ဘူးတဲ့၊ကတိတစ်လုံးကို မဖျက်ကြရဘူး၊ မဟုတ်တာကိုဖြင့် မလုပ်ရဘူး၊ ငတ်လို့သေချင် သေသွားပါစေဆိုတဲ့ စိတ်အာရုံမျိုးကို မွေးကြရမယ်။”

(ဆရာကြီးဦးဖေမောင်တင်)




 Zawgyi code


blog တစ္ခုကေန ကူးလာတာပါ
မူရင္းေရးသားမွ်ေဝသူကို credit ေပးပါတယ္။

မဂၢင္ရွစ္ပါးဆိုတာ ဘာလဲ?

ဒကာ ။ ။ ဆရာေတာ္အခ်ိန္ေပးႏိုင္ရင္ ေမးလက္စနဲ႔ခုတင္က မဂၢင္ရွစ္ပါးနဲ႔ ေျမႇာက္ပြားဆိုတဲ့မဂၢင္ကို ဆက္ပါရေစဦးဆရာေတာ္။ မဂၢင္ရွစ္ပါးဆိုတဲ့ သေဘၤာေလွေဖာင္ႀကီးစီးနင္းကူးခပ္ၿပီးနိဗၺာန္ တစ္ဖက္ကမ္းကို တက္လွမ္းၾကရမည္၊ မဂၢင္တရားရထားႀကီးကို တက္စီးထိုင္သြားၾကရမည္ စသည္ျဖင့္ ေဟာၾကားေနၾကတာ၊ အဲသည္ မဂၢင္ရွစ္ပါးနဲ႔ယင္းရဲ႕ အနက္အဓိပၸါယ္မ်ားကိုလည္း နည္းနည္းေလာက္ မိန္႔ၾကားပါဦးဆရာေတာ္။



ဆရာေတာ္ ။ ။ အင္း…. ေျပာျပမယ္ နားေထာင္မွတ္သားပါ၊ မဂၢင္ဆုိ တဲ့စကားရဲ႕ မူရင္းပုဒ္က ပါဠိလို မဂၢဂၤ တ့ဲ၊ မဂၢနဲ႔ +အဂၤ၊ႏွစ္ပုဒ္ ေပါင္းစပ္ၿပီးမဂၢဂၤလို႔၊ သို႔မဟုတ္ မဂၢင္လို႔ ေခၚတာဒကာႀကီးတို႔ရဲ႕။ မဂၢ၊ သို႔မဟုတ္ လူတိုင္းႏႈတ္တက္ေနၾကတဲ့ မဂ္ ဆိုတာက ဆင္း ရဲလြတ္ကင္းရာ လမ္းကို ရွာေဖြေသာ၊ တစ္နည္း..သာယာ ခင္ မင္လိုခ်င္ တပ္မက္ဆာေလာင္စြဲလမ္း ငမ္းငမ္းတက္ ပူပန္မႈကိ ေလသာကို သတ္ျဖတ္ ဖ်က္ဆီးတတ္ေသာ လက္နက္ရွစ္ပါး တရားလမ္း ေၾကာင္း၊(၀ါ- ဒုကၡၿငိမ္းေအးနိဗၺာန္ေရာက္ေရး အ က်င့္တရား) တို႔လို႔ မွတ္ရမည္တဲ့၊ အဲဒါ မဂၢပုဒ္ရဲ႕အနက္ အဓိပၸါယ္ပဲ။ အဂၤ- ဆိုတာက (ၿငိမ္းေအးေရးလိုလားတဲ့ ကမၻာသားတို႔ လိုက္ နာခံယူ က်င့္ပြားအားထုတ္ရာ) အဲဒီမဂ္ရဲ႕ အစိတ္အပိုင္းရွစ္ပါး ကိုဆိုတာျဖစ္တယ္၊ မဂၢင္ရွစ္ပါးကိုေတာ့ ဒကာႀကီးတို႔ေရတြက္ ေခၚဆိုတတ္တယ္မဟုတ္လား။
ဒကာ ။ ။ နာမည္ေခၚတတ္႐ံုေလာက္ပါပဲ ဆရာေတာ္၊ သူတို႔ရဲ႕ သေဘာအဓိပၸါယ္နဲ႔ က်င့္ပြားအားထုတ္ဖို႔ လုပ္ငန္းစဥ္ကိုေတာ့ နားမလည္ေသးပါဘူး၊ တစ္ပါးစီ ခဲြျခားၿပီးနားလည္ေအာင္ သင္ၾကားေပးပါဦး ဆရာေတာ္။
ဆရာ ။ ။ လိုလိုလားလားနဲ႔ေလွ်ာက္ထားျပန္ေတာ့လည္းေဟာျပ သင္ၾကားေပးရမွာေပါ့ေလ၊ ေတာ္ရိ ေလ်ာရိလို႔ေတာ့ ေပါ့ေပါ့မမွတ္ထင္နဲ႔ ၊ဒီ… မဂၢင္ရွစ္ပါးဟာ သာသနာေတာ္မွာ အေရးပါအရာေရာက္ဆံုးပါပဲ၊ သာသနာေတာ္၏ဦးတည္ခ်က္ပန္းတိုင္နိဗၺာန္ကို ဒီမဂၢင္ရွစ္ ပါးလမ္းနဲ႔ ႀကိဳးစားပြားမ်ားခ်ီတက္မွ ေရာက္ႏိုင္တယ္ေနာ္၊ ကဲ… နား ေထာင္ မွတ္သားေပေတာ့။

၁။ သမၼာဒိ႒ိမဂၢင္
မွန္ကန္ေသာ ဥာဏ္အသိျဖင့္ ႐ႈၾကည့္ သိျမင္စဲြ ယူတတ္မႈပဲ၊
 သူ႔ရဲ႕ ဆိုလိုရင္းသေဘာကေတာ့….
(က) ျမင္၊ ၾကား၊နံ၊ စား၊ထိ၊ သိ၊ တရားခႏၶာငါးပါးတို႔၏ ဆင္းရဲျခင္း အစစ္အမွန္ ဒုကၡသစၥာရယ္။
(ခ) ဆင္းရဲကိုျဖစ္ေစတတ္ ရေစတတ္ေၾကာင္း သမုဒယသစၥာရယ္။
(ဂ) ယင္းဆင္းရဲဒုကၡအစု ခ်ဳပ္ၿငိမ္းေအးျမမႈကို ရႏိုင္ေရးအက်င့္ တရား မ်ားကို႐ႈျမင္ပြားမ်ားမႈလုပ္ငန္းမဂၢသစၥာရယ္။
(ဃ) ဒုကၡသစၥာရဲ႕ ခ်ဳပ္ၿငိမ္းမႈ ခ်ဳပ္ၿငိမ္းေအးျမရာဌာန နိဗၺာန္ေခၚဆိုတဲ့ နိေရာဓသစၥာ ရယ္
အဲဒီ အမွန္တရားသစၥာေလးပါးကို အမွန္အ တိုင္းစြဲယူထားကာ သိရွိပယ္ရွားပြားမ်ား႐ႈမွတ္သြားမႈကိုသမၼာ ဒိ႒ိမဂၢင္လို႔ဆိုတယ္။

၂။ သမၼာသကၤပၸမဂၢင္
မွန္ကန္ေတာ္တည့္စြာနဲ႔ ႀကံစည္စဥ္းစား ဆင္ျခင္တတ္မႈတဲ့၊
 သူ႔ရဲ႕ဆိုလိုရင္းက
(က) ရွာမွီးခံစားလို႔မၿပီးဆံုးအားမရ မ၀လင္ႏိုင္တဲ့ အာ႐ံုငါးပါး ကာမ ဂုဏ္တရားထဲမွဖဲထြက္ လြတ္ေျမာက္နိဗၺာန္ေရာက္ႏိုင္ေရး အႀကံ။
(ခ) သူတစ္ပါးအား မလိုမုန္းထား ျပစ္မွားကင္းလြတ္ေရးအႀကံ။
(ဂ) သူတစ္ပါးအား ႏွိပ္စက္ ၫႇင္းဆဲေႏွာင့္ယွက္ ဖ်က္ဆီးအႏိုင္စီး သတ္ျဖတ္ျခင္းတို႔မွ ကင္းလြတ္ေရးစသည့္ အႀကံအစည္ေကာင္း တို႔ ျဖစ္ေပၚလာေအာင္ ႀကံစည္ျခင္းကိုဆိုလို တယ္။

မွတ္ခ်က္။။ယင္းကိုလည္း ေလာကီစ်ာန္လမ္းႀကံစည္ျခင္း သမၼာ သကၤပၸ မဂၢင္ႏွင့္ ေလာကုတၱရာမဂ္လမ္းႀကံစည္ျခင္း သမၼာသကၤပၸ မဂၢင္ဟု ႏွစ္မ်ိဳးမွတ္ရေသးတယ္၊ အဲဒီ နံပါတ္ ၁ န႔ဲ ၂ဟာ ပညာ မဂၢင္ ၂ပါးပဲ။

၃။ သမၼာ၀ါစာမဂၢင္
မွန္ကန္စြာ ေျပာဆိုျခင္း၊
 သူ႔သေဘာရင္းက ေအာက္ပါ ၀စီဒုစ႐ုိက္ေလးပါး မေျပာၾကားျခင္းပဲျဖစ္တယ္။
(က) မုသာ၀ါဒ= လိမ္ညာ၍ေျပာဆိုမႈမွလည္းေကာင္း။
(ခ) ပိသုဏာ၀ါစာ = သူတစ္ပါးအားအထင္ေသး၊ မေလးစား ဂုဏ္ငယ္သြားေအာင္ေခ်ာပစ္ ကုန္းေခ်ာ အတင္းေျပာျခင္းမွလည္းေကာင္း။
(ဂ) ဖ႐ုသ ၀ါစာ = အၾကမ္းအတမ္းေငါက္ငမ္းဆဲေရးျခင္းမွ လည္းေကာင္း။
(ဃ) သမၹပၸလာပ၀ါစာ = အက်ိဳးမရွိတဲ့ သီတာ၊ ရာမစတဲ့ ဇာတ္ စကား အရပ္စကားေစ်းစကားအၿပိန္အဖ်င္းအႏွစ္သာရ ကင္းေသာ စကားစသည္တို႔မွလည္းေကာင္း၊ ၾကဥ္ေရွာင္ လြတ္ကင္းမေျပာဆိုျခင္းအလုပ္သေဘာ သီလစင္ၾကယ္ လမ္းပင္ ျဖစ္၏တဲ့။

၄။ သမၼာကမၼႏၲ မဂၢင္
ကာယကံဒုစ႐ိုက္ အမွားမ်ားကို ေရွာင္ ရွားကာ မွန္ကန္စြာ လုပ္ကိုင္ ျပဳက်င့္မႈ။
 ဆိုလိုရင္းသေဘာက ကာယဒုစ႐ိုက္သံုးပါးေခၚတဲ့
(၁)ပါဏာတိ ပါတ -သူ႔အသက္ သတ္ျခင္း
(၂) အဒိႏၷာဒါန-သူတစ္ပါးဥစၥာ ပစၥည္းကို ခုိးယူလုယက္မတရားသိမ္းပိုက္ျခင္း။
(၃) ကာေမသု မိစၧာစာရာ - အုပ္ထိန္းျခင္းရွိေသာ သူ႔သမီးဇနီးမယားကို ေမထုန္ မႈျဖင့္ လြန္က်ဴးျပဳက်င့္ျခင္းတို႔မွ ၾကဥ္ေရွာင္မႈမ်ိဳးဟာ သီလမဂၢင္အက်င့္ျမတ္ပင္ ျဖစ္တယ္။

၅။ သမၼာအာဇီ၀ မဂၢင္
မွန္ကန္စြာ အသက္ေမြး ၀မ္းေက်ာင္းမႈ။
အဓိပၸါယ္က ျပဆိုခဲ့ၿပီးေသာ နံပါတ္၃၊ နံပါတ္ ၄ မဂၢင္ႏွစ္ပါးရဲ႕ အျပစ္ရွိတဲ့ကာယဒုစ႐ိုက္ သံုးပါးနဲ႔ ၀စီဒုစ႐ိုက္ေလးပါး၊အျခား အျပစ္ရွိေသာ အကုသိုလ္ အလုပ္မ်ားကိုေရွာင္ရွားကာ အျပစ္မဲ့ ျဖဴစင္ေသာ အသက္ေမြးျမဴမႈရွိရျခင္း၊ သီလမဂၢင္မ်ိဳးပင္ ျဖစ္ပါတယ္ တဲ့၊ အဲဒီနံပါတ္ ၃-၄-၅ တို႔ဟာ သီလမဂၢင္ ၃ ပါး။

၆။ သမၼာ၀ါယာမ မဂၢင္
မွန္ကန္ေသာ အားစိုက္ႀကိဳးစားမႈ ၀ီရိယ၊ ဇြဲ၊ လံု႔လရွိရျခင္းမ်ိဳး ေလးပါးကိုဆိုတယ္၊
ယင္းအဓိပၸါယ္က
(က) မိမိ၌ မျဖစ္ေပၚေသးေသာ မေကာင္းမႈ အကုသိုလ္တရားမ်ာ း ကို မျဖစ္ပြားေရး လံု႔လစိုက္ရျခင္း။
(ခ) ျပဳလုပ္လြန္က်ဴးျဖစ္ေပၚၿပီးေသာ မေကာင္းမႈတရား အကုသိုလ္ မ်ားကိုျပန္၍မျဖစ္ေပၚရေအာင္ပယ္စြန္႔ပေပ်ာက္ေရ းအတြက္ ႀကိဳး စားအားထုတ္လံု႔လျပဳရျခင္း၊ (ယင္းတုိ႔ကို ျပန္၍မႀကံစည္မေတြး ေတာရဟူ၏။)
(ဂ) မျဖစ္ရွိမရရွိဖူးေသးတဲ့ ေကာင္းစားခ်မ္းသာေရး ကုသိုလ္တရားစုေကာင္းမႈမ်ားကို ျဖစ္ပြားရရွိခံစားႏိုင္ရန္ အားေပး တိုက္တြန္းႀကိဳးစားျပဳလုပ္မႈ လံု႔လရွိရျခင္း။ (ဤ၌မဂ္ကုသိုလ္ တရားေလးပါးျဖစ္ေပၚေအာင္ ၀ိပႆနာကုသိုလ္ တရားကိုႀကိဳးစားအားထုတ္ပါဟု ဆိုလိုသည္။)
(ဃ) ျဖစ္ေပၚရရွိၿပီးေသာ ကုသိုလ္ေကာင္းမႈမ်ားကို စည္ပင္ျပန္႔ပြား ျပည့္လွ်ံေ၀ဆာ သြားဖို႔ ႀကိဳးစားအားထုတ္ ျပန္လည္ေအာက္ေမ့ မႈ ယင္းေလးမ်ိဳးတု႔ိပဲ။
အဲဒီေလးပါးကို ထေျမာက္ၿပီးစီးေအာင္ႏိုင္ေရးအတြက္ ၀ီရိယဗိုလ္၊ ၀ီရိယိေႁႏၵ၊ ၀ီရိယသေမၺာဇၥ်င္၊၀ီရိယာဓိပတိ- ဆိုတဲ့ တပ္မဟာႀကီး ေတြခ်ၿပီး ကိေလသာရန္သူမ်ိဳးကို ႀကိဳးစားအားထုတ္ တုိက္ခိုက္ လံု႔လစိုက္မႈျပဳပါတဲ့၊ အဲသည္ေလးပါးဟာ ဒကာႀကီးတို႔ႀကိဳးစား တိုက္ခုိက္ရမည့္ ကိေလသာစစ္ပြဲႀကီး၏ေအာင္ႏိုင္ေရးအတြက္ လက္နက္ေကာင္းႀကီးမ်ားျဖစ္တဲ့ သမၼာ၀ါယာမမဂၢင္တရား၏ သမၺပၸဓာန္လက္နက္ႀကီးေလးပါးပဲ။

(ဗုဒၶဘာသာတို႔၏ဓမၼတာ႐ိုးစြဲ မွတ္ခ်က္။ ။ သမၼာ၀ါယာမ မဂၢင္အရ လံု႔လမ်ိဳးေလးပါးတြင္ (က)ႏွင့္(ခ) ပထမ၊ဒုတိယ ႀကိဳးစားအားထုတ္မႈ လံု႔လမ်ိဳးမွာ မုခ်အဟုတ္ ကိေလသာ ရန္ငုတ္ကို တိုက္ထုတ္ရွင္းလင္းရမည္ သာ ျဖစ္၏တဲ့။ ဗုဒၶဘာသာ တရားေတာ္အရ အကုသိုလ္ ဓမၼမွ ၾကဥ္ေရွာင္ေရး မွာ ဓမၼတာ႐ိုးစြဲပင္ျဖစ္၏ဟု တစ္သက္လံုးမွတ္ရမည္။(ဂ)ႏွင့္ (ဃ) တတိယႏွင့္ စတုတၳ သမၼာ၀ါယာမ မဂၢင္ႏွစ္ပါးကိုလည္း ေလာကီစ်ာန္လမ္းႀကိဳးစားမႈႏွင့္ ေလာကုတၱရာ မဂ္လမ္းႀကိဳးစားမႈဟု သမထ ၊၀ိပႆနာႏွစ္မ်ိဳးလံုး မွတ္ရမည္တဲ့။)

၇။ သမၼာသတိမဂၢင္
မွန္ကန္စြာ မေမ့မေပ်ာက္ေစဘဲ ေအာက္ေမ့သတိရမႈ ရွိရျခင္းပဲ။
အဲသည္ သမၼာသတိဟာ တရားေပါင္းတို႔ရဲ႕ ဘုရင္ဥေသွ်ာင္မ ကိုဋ္ ထိပ္သီးပဲ၊ သတၱ၀ါအေပါင္းတို႔၏သည္းေျခလို႔လည္းေခၚ တယ္၊ သူပ်က္ရင္တရားေကာင္း တရားျမတ္ေတြ မလာမကပ္ေတာ့ဘူး၊ တရားဆိုးတရားယုတ္ေတြနဲ႔သာ႐ႈပ္ေထြးပ်က္စီးကုန္ေရာပဲ၊ သတၱ၀ါေတြဟာလည္းသတိ- ဆိုတဲ့ သည္းေျခပ်က္ရင္ အ႐ူးေတြျဖစ္ကာ အ႐ူးထကုန္ေတာ့တာပဲတဲ့။

၈။ သမၼာသမာဓိမဂၢင္
မွန္ေသာ တည္ၾကည္မႈ စူးစိုက္မႈ၊ တို႔ပင္ျဖစ္သည္။

(အဂၢမဟာပ႑ိတ အရွင္ၾသဘာသာဘိ၀ံသ)

(၁)သမၼာဒိ႒ိ-မွန္ကန္စြာ ရႈျမင္တတ္ျခင္း၊မွန္ကန္စြာ ယူဆတတ္ျခင္းပါပဲ၊ကိေလသာ တဏွာ ေလာဘ ေဒါသ ေမာဟေတြက ဖံုးေနရင္ မွန္ကန္စြာ မျမင္တတ္ၾကဘူးတဲ့၊ အဲဒါ မွန္ကန္စြာ ျမင္တတ္ၾကဖို႕လိုပါတယ္။


(၂)သမၼသကၤပၸ-မွန္ကန္စြာ ၾကံစည္ျခင္းတဲ့၊ေလာဘရမၼက္ကိုလိုက္၍ မွန္ကန္စြာ မၾကံစည္ႏိုင္တာေတြ၊ အတၱကိုစြဲၿပီး မွန္ကန္စြာ မၾကံစည္ႏိုင္တာေတြကို ဖယ္ရွားပစ္ၾကရမယ္။

(၃)သမၼာ၀ါစာ-မွန္ကန္စြာ ေျပာၾကရမယ္တဲ့၊ ခ်စ္လို ဒီပါးစပ္၊မုန္းေစလို ဒီပါးစပ္ပါပဲ၊ မွန္ကန္တဲ့သစၥာ ဆိုတာရွိၾကရမယ္၊ မုသာ၀ါဒကို မသံုးဘဲ ေလာကမွာ မွန္တာကိုသာ ေျပာၾက လုပ္ၾကရမယ္လို႕ ဆိုလိုတယ္။

(၄)သမၼာကမၼႏၱ- မွန္ကန္စြာလည္း လုပ္ကိုင္ၾကရမယ္တဲ့။ စီးပြားေရးမေတာ္ေလာဘစိတ္မရွိရဘူး၊ သူတစ္ပါး ပ်က္စီးေစၿပီး ကိုယ္တစ္ေယာက္တည္း ေကာင္းစားမယ့္ အလုပ္ဆို ေရွာင္ရမယ္တဲ့။

(၅)သမၼာအာဇီ၀-မွန္ကန္စြာ အသက္ေမြး၀မ္းၾကရမယ္တဲ့။ အသက္ေမြးမႈမွန္ၾကရဲ႕လား၊ ပရိေယသနမူလက ဒုကၡတဲ့၊ အသက္ေမြးမႈကို ရွာၾကံၾကရာ၌ ေရွးဦးစြာေသာ ဒုကၡအရင္းအစစ္ကေတာ့ အသက္ေမြး၀မ္းေက်ာင္းရတဲ့ ဒုကၡပဲ မဟုတ္လား၊ သူမ်ားဥစၥာကို မေတာ္ေလာဘနဲ႕ လိုခ်င္တယ္၊ခုိးမယ္၊ တိုက္မယ္ဆိုတာေတြကို ေရွာင္ၾကည္ရမယ္တဲ့။

(၆)သမၼာ၀ါယာမ-မွန္စြာ လံု႕လထုတ္ၾကရမယ္တဲ့၊တစ္လြဲဆံပင္ေကာင္းေနၾကလို႕မျဖစ္ေသးဘူး၊ ယခု ပစၥကၡ အတြက္ လံု႕လ၊ ေနာင္သံသရာအတြက္ လံု႕လရယ္လို႕အားထုတ္ၾကရမယ္တဲ့၊

(၇)သမၼာသတိ-မွန္ကန္စြာ ေအာက္ေမ့တတ္ၾကရမယ္တဲ့၊ သတိရွိၾကရမယ္တဲ့။ သတိတမန္ ၪာဏ္ေျမ ကတုတ္တဲ့မဟုတ္လား၊ မမွားခင္က မိမိမွားေတာ့မယ္ဆိုရင္ သတိဆိုတာ အရင္ေပၚလာပါေစတဲ့၊ သတိရွိေတာ့ ဟိရီ၊ၾသတၱပဆိုတဲ့ ရွက္ျခင္းေၾကာက္ျခင္းက တားျမစ္ေပးလိမ့္မယ္။

(၈)သမၼာသမာဓိ-စိတ္အာရံုထားမွန္ကန္ရမယ္တဲ့၊ စိတ္တည္ၾကည္ရမယ္၊ လူ႕စိတ္ကို ေမ်ာက္စိတ္လို မေမြးၾကရ ဘူးတဲ့၊ကတိတစ္လံုးကို မဖ်က္ၾကရဘူး၊ မဟုတ္တာကိုျဖင့္ မလုပ္ရဘူး၊ ငတ္လို႕ေသခ်င္ ေသသြားပါေစဆိုတဲ့ စိတ္အာရံုမ်ိဳးကို ေမြးၾကရမယ္။”

(ဆရာၾကီးဦးေဖေမာင္တင္)



 

Comments

Popular posts from this blog

မေတ္တာသုတ် မြန်မာပြန် ( ေမတၲာသုတ္ ျမန္မာျပန္)

ဗုဒ္ဓဘာသာနိုင်ငံများ (ဗုဒၶဘာသာႏိုင္ငံမ်ား)