Posts
ဗုဒ္ဓဘာသာနိုင်ငံများ (ဗုဒၶဘာသာႏိုင္ငံမ်ား)
Image
Zawgyi code below ဒေါက်တာမင်းတင်မွန် ရေးသားသော 'မြတ်ဗုဒ္ဓ' ဆိုသည့်စာအုပ်မှ ကောက်နုတ်တင်ပြပါသည်။ “ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်သွားတာ နှစ်ပေါင်း ၁၅၀၀ ကျော်ပြီ။ မရှိတော့တဲ့မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်လို့ရသေးလား။ ကိုးကွယ်နေလို့ အကျိူးရှိပါ့မလား။” “ဗုဒ္ဓဘာသာက ဆင်းတုတွေရုပ်ပုံပန်းချီကားချပ်တွေကို ကိုးကွယ်တဲ့ဘာသာလား။ ဆင်းတုတွေရုပ်ပုံတွေကို ကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။” ဒါတွေဟာအနောက်နိုင်ငံသားတွေ၊ ဘာသာခြားတွေမေးတက်တဲ့မေးခွန်းတွေပဲ။ ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်သွားပြီဖြစ်ပေမယ့် သူဟောကြားထားတဲ့ တရားအဆုံးအမတွေဟာ ပကတိအတိုင်း ရှိနေကြတုန်းပဲ။ သူဘုရားဖြစ်အောင် ကြိုးစားခဲ့တာ အခုလိုတရားအဆုံးအမကို ဟောပြဖို့ပဲ။ နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်တရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။ ဒါတွေက အခုအကုန်ရှိနေသေးတာမို့ ဒီတရားတော်တွေအတိုင်း လိုက်နာကျင့်ကြံအားထုတ်ရင် မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်ထပ်မျှ အကျိုးထူးများကို ခံစားရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလဲ မျက်မှောက်ပြုနိုင်ပါတယ်။ ဗုဒ္ဓဘုရား ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက် စေတီလေးမျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။ (၁)ဓါတ...
Zawgyi code below “ဗုဒ္ဓ”သည် ကမာ္ဘပေါ်ရှိ မည်သည့်ဘာသာ အယူဝါဒထူထောင်ဖွဲ့စည်းသူမျှ မပြုလုပ်ဝံ့၊ မပြုလုပ်နိုင်သော “ထူးခြားအံ့ဖွယ် ကမာ္ဘကျော်မိန့်ခွန်းတစ်ရပ်” ကိုရဲဝံ့ပြတ်သားစွာ ဟောကြားခဲ့ ပါသည်။ အိန္ဒိယနိုင်ငံ၊ ကောသလတိုင်း၊ ကေသမုတ္တိရွာသား၊ ကာလာမလူမျိုးတို့ကိုဟောကြား သော “ကာလာမသုတ္တန်”သည် “အမှန်တရားကိုရှာဖွေသူတစ်ဦးထံသို့ ဗုဒ္ဓ၏လက်ဆောင်လမ်းညွှန်ချက်” တရားတို့ပင်ဖြစ်သည်။ ဤသုတ္တန်တရားတော် မှ ဗုဒ္ဓ၏မိန့်ခွန်းသံသည် အတွေးအမြင်မှုန်ဝါးနေသူကို အလင်း ရောင်ခြည်ရစေသော“မီးရှုးတန်ဆောင် ပမာ”ဖြစ်ပါသည်။ ဘာသာရေးထုံးတမ်းစ ဉ်လာကြားတွင် တွေဝေငေးမောနေသူများကို သစ္စာတရားလမ်းမှန်ဆီသို့ တက်တက်ကြွကြွ လျှောက်လှမ်းနိုင် အောင် လမ်းဖွင့်ပေးလိုက်သော ကြည်လင်ချိုမြသည့် “ဓမ္မခေါင်းလောင်းသံ” လည်းဖြစ်ပေသည်။ ဗုဒ္ဓ ၏ထိုမိန့်ဆိုချက်မှာ…… “အို….ကာလာမလူမျိုး အမျိုးကောင်းသားတို့…၊ သင်တို့သည် လက်ခံကျင့်သုံးအပ်သော အမှန်တရားဓမ္မတို့ကိုဤ အချက်(၁၀)ချက် ဖြင့် ဆင်ခြင်စိစစ်၍ ဆုံးဖြတ်အားထုတ် ကြကုန်လော့…။ (၁) ဤတရားတော်သည် မိရိုးဖလာ ရှေးအစဉ်အဆက်က ပြောကြားသိမှတ်လာခဲ့တာပဲ လို့“ရှေးစကား”ဖြစ်ရုံနဲ့လည်း အယူဝါဒတစ်ခုကို လက်မခံလိုက်ပါနဲ့ဦး။ (၂) ဘိ...
Zawgyi code below blog တစ်ခုကနေ ကူးလာတာပါ မူရင်းရေးသားမျှဝေသူကို credit ပေးပါတယ်။ မဂ္ဂင်ရှစ်ပါးဆိုတာ ဘာလဲ? ဒကာ ။ ။ ဆရာတော်အချိန်ပေးနိုင်ရင် မေးလက်စနဲ့ခုတင်က မဂ္ဂင်ရှစ်ပါးနဲ့ မြှောက်ပွားဆိုတဲ့မဂ္ဂင်ကို ဆက်ပါရစေဦးဆရာတော်။ မဂ္ဂင်ရှစ်ပါးဆိုတဲ့ သင်္ဘောလှေဖောင်ကြီးစီးနင်းကူးခပ်ပြီးနိဗ္ဗာန် တစ်ဖက်ကမ်းကို တက်လှမ်းကြရမည်၊ မဂ္ဂင်တရားရထားကြီးကို တက်စီးထိုင်သွားကြရမည် စသည်ဖြင့် ဟောကြားနေကြတာ၊ အဲသည် မဂ္ဂင်ရှစ်ပါးနဲ့ယင်းရဲ့ အနက်အဓိပ္ပါယ်များကိုလည်း နည်းနည်းလောက် မိန့်ကြားပါဦးဆရာတော်။ ဆရာတော် ။ ။ အင်း…. ပြောပြမယ် နားထောင်မှတ်သားပါ၊ မဂ္ဂင်ဆို တဲ့စကားရဲ့ မူရင်းပုဒ်က ပါဠိလို မဂ္ဂင်္ဂ တဲ့၊ မဂ္ဂနဲ့ +အင်္ဂ၊နှစ်ပုဒ် ပေါင်းစပ်ပြီးမဂ္ဂင်္ဂလို့၊ သို့မဟုတ် မဂ္ဂင်လို့ ခေါ်တာဒကာကြီးတို့ရဲ့။ မဂ္ဂ၊ သို့မဟုတ် လူတိုင်းနှုတ်တက်နေကြတဲ့ မဂ် ဆိုတာက ဆင်း ရဲလွတ်ကင်းရာ လမ်းကို ရှာဖွေသော၊ တစ်နည်း..သာယာ ခင် မင်လိုချင် တပ်မက်ဆာလောင်စွဲလမ်း ငမ်းငမ်းတက် ပူပန်မှုကိ လေသာကို သတ်ဖြတ် ဖျက်ဆီးတတ်သော လက်နက်ရှစ်ပါး တရားလမ်း ကြောင်း၊(ဝါ- ဒုက္ခငြိမ်းအေးနိဗ္ဗာန်ရောက်ရေး အ ကျင့်တရား) တို့လို့ မှတ်ရမည်တဲ့၊ အဲဒါ မဂ္ဂပုဒ်ရဲ့အနက် အဓိပ္ပါယ်ပဲ။ အ...
Zawgyi code below မေတ္တာသုတ်ပါဠိနှင့်မြန်မာပြန် ၁။ယဿာနုဘာ၀တော ယက္ခာ၊ နေ၀ ဒဿေန္တိ ဘီသနံ။ ယဉှိ စေဝါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိ၀ မတန္ဒိတော။ မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့်ကြမ်းတမ်းခက်ထန်သော ဘီလူး သရဲစသော နာနာဘာဝတို့သည် မခြောက်လှန့်နိုင်ကြကုန်၊ ယင်းသုတ်ကို နေ့ညမပြတ် ရွတ်ဖတ်သရဇ္စျာယ်သောသူသည် ၂။ သုခံသုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။ ဧဝမာဒိဂုဏူပေတံ။ ပရိတ္တံတံ ဘဏာမ ဟေ။ ချမ်းသာစွာ အိပ်ပျော်ခြင်း၊ အိပ်နေစဉ်လည်း အိပ်မက်ဆိုးများ မမြင်မက်ခြင်းစသော အကျိုးဂုဏ်များရှိသောကြောင့်- အို သူတော်ကောင်းအပေါင်းတို့ငါတို့ရွတ်ဆိုကြပါစို့ … ၃။ကရဏီယ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ သက္ကော ဥဇူ စ သုဟုဇူစ၊ သု၀စော စဿ မုဒုအနတိမာနိ။ အကျိုးစီးပွားလိုလား၍လိမ္မာကျွမ်းကျင် သောအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည်ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်၏ ဂုဏ်တို့ကိုအာရုံပြုကာ ယခုကဲ့သို့မေတ္တာ ပွားမှုကို ပြုသင့်ပါပေ၏၊ ထိုသို့ မေတ္တာပွားလိုသူသည် တစိုက်မတ်မတ်စွမ်းနိုင်အောင်ပွားများအပ်၏၊ ကိုယ်စိတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်၏၊ အလွန်ရိုးဖြောင့်သူ ဖြစ်သင့်၏၊ ဆုံးမလွယ်သူ၊ သူတပါး၏စကားကို နာခံလွယ်သူဖြစ်ပြီး ကိုယ်နှုတ...